top of page

NCDG အဖွဲ့၏ ဒုတိယအကြိမ်အလှူခရီးစဉ်မှတ်တမ်းလေး ဖြစ်ပါတယ်။
ဆရာကြီး ဆရာလေးများ၏ ဆွမ်းမစားမီ မေတ္တာပို့ကြပုံများနှင့် ဆွမ်းစားနေစဉ်ပုံရိပ်များ ဖြစ်ပါတယ်။
တနေ့တာ အာရုံ+နေ့ဆွမ်းအတွက် အလှူငွေ ၆သောင်းကျပ်သာ ကျသင့်ပါတယ်။
မိမိတို့၏ မွေးနေ့ နှစ်ပါတ်လည် စသဖြင့် တခုခုလှူလိုသူများ တနိုင်တပိုင် ဖြစ်ပါတယ်။
မိတ်ဆွေများနှင့် သောက်စားတတ်သူများအတွက် တဝိုင်းစာပဲ ဖြစ်ပါတယ်။
အမျိုး-ဘာသာ-သာသနာ စောင့်ရှောက်နေသော ဆရာကြီး ဆရာလေးများ၏ တရက်စာဖြစ်ပါတယ်။
နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ပါတယ်ခင်ဗျား။

 

 

 

ဒုတိယ အကြိမ် အလှူ မှတ်တမ်း လေးပါ ...နောက်မှ အသေးစိတ်ထပ်တင်ပေးပါ့မယ်

Donation-2 (August 4, 2013)

၎-၈-၂၀၁၃(တနင်္ဂနွေ)
ရွှေပြည်သာမြို့နယ် ပညာရောင်ခြည်
သီလရှင်စာသင်တိုက်သို့
အာရုဏ်+နေ့ဆွမ်း (ခြောက်သောင်းကျပ်)
+ စာရေးကိရိယာ (ငါးသောင်းကျပ်ခန့်)
+ ငွေသား(နှစ်သိန်းကျပ်တိတိ) လှူပါသည်။
NCDG အဖွဲ့သားများနှင့် အခြားအလှူရှင်များကောင်းမှု
နတ်လူသာဓုခေါ်စေသောဝ်

 

 

 

Preview of NCDG 2nd Donation Project

တနေ့က ရွှေပြည်သာက သီလရှင်စာသင်ကျောင်းလေးအကြောင်း တင်ပြတော့ သဘောထားတင်ပြသူ မများပေမယ့် သဘောမတူသူ မရှိလောက်ဘူးလို့ ယူဆပြီး ဒီနေ့ ချီတက်ခဲ့ပါတယ်။

ဦးပွေးကလည်း ကားတွေကျပ်တော့ ကလေးတွေကျောင်းကြို၊ အိမ်ပြန်ပို့ပြီးမှဆို နောက်ကျနေမှာစိုးလို့ ကလေးတွေရော မဒမ်ပွေးရော တခါတည်း ခေါ်လာခဲ့တယ်။ ဦးထွေးကလည်း သမီးကြီးနဲ့ဆိုတော့ ခြောက်ယောက်သားပေါ့။

ဘုရင့်နောင်ဘက်ကဆို ကားတွေပိတ်လို့ မင်္ဂလာဒုံ ခရေပင်လမ်းခွဲက ဝင်ကြတယ်။ ဦးထွေးကလည်း ဘတ်စ်ကားနဲ့ပဲသွားဘူးတာဆိုတော့ ဟိုမေး ဒီမေးနဲ့ "ရွှေတံခါး"မူကြိုကို အရင်ရောက်သွားပါတယ်။ ဆရာမကြီး ဒေါ်အေးအေးက သီလရှင်ကျောင်းကို လမ်းလျှောက်ပြီး လိုက်ပို့ပါတယ်။ လမ်းတစ်ဝက်မှာ မိုးတွေရွာချလို့ ပါလာတဲ့ထီးလေးဆောင်းပြီး ဦးပွေး ကားပြေးယူရပါတယ်။ ဦးထွေးနဲ့ ကလေးတသိုက်တော့ နီးရာ ဘုန်းကြီးကျောင်းမုဉ်ဦးအောက်မှာ မိုးဝင်ခိုကြတယ်။ ဆရာမကြီးနဲ့ မဒမ်ပွေးလည်း
စကားတပြောပြောနဲ့ ဦးပွေးကိုစောင့်ကြတယ်။

ဦးပွေးလည်းရောက် မိုးလည်းတိတ်ပါပဲ။ ဒါပေမယ့် သီလရှင်ကျောင်းရှေ့ထိ ကားဝင်လို့မရတော့ လမ်းထိပ်ထားပြီး လမ်းလျှောက် ဝင်ရပါတယ်။ ဆရာမကြီးကကြိုပြောထားလို့လားမသိ ဆရာလေးတွေ ထွက်ကြိုနေ ကြပါတယ်။ ဦးပွေးနဲ့ ဦးထွေးကို ချောတယ်နော် ချောတယ်နဲ့ (ဟီး ရွှံ့တွေနဲ့ ချော်လဲမှာစိုးလို့ပါ)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


"ပညာရောင်ခြည်" ဆိုတော့ NCDG မူနဲ့တော့ ကွက်တိပါပဲ။ ကျောင်းဆိုင်းဘုတ်လေးက ယိုင်တိုင်တိုင်၊ ကျောင်းဆောင်လေးက
ခပ်စောင်းစောင်းနဲ့ အုပ်ချုပ်သူ ဆရာကြီးကို အသက်ကြီးကြီးလားလို့ ထင်နေတာ။ အသက်ငယ်ငယ် အရွယ်သေးသေးလေး။ လူကောင်သေးပေမယ့် ပညာကမသေး၊ သာသနာ့တက္ကသိုလ် မဟာဝိဇ္ဖာအောင်ပြီးသားတဲ့။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အမိမဲ့သမီး(၃၅)ယောက်ကို လောကီပညာရော လောကုတ္တရာပညာပါသင်ပေးပြီး ကျွေးမွေးထားတဲ့ မိခင်ကြီး။ အယောက်(၅၀)လောက်ထိ လက်ခံချင်ပေမယ့်
ကျန်းမာရေး သန့်ရှင်းရေး အဆင်မပြေမှာစိုးလို့ နိုင်သလောက်ကိုပဲလက်ခံပြီး စနစ်တကျအုပ်ချုပ်နေတဲ့ ဆရာလေး ဖြစ်ပါတယ်။

၂ထပ်ကျောင်းလေးကို ၃ထပ်ဖြစ်အောင် ပြင်ဆောက်နိုင်ရင်တော့ ကလေးတွေကို ဒိထက်အဆင်ပြေပြေ ထားနိုင်မယ်ဆိုပြီးကျောင်းဒကာ မျှော်နေပေမယ့် များများမလှူလည်း ဆက်ဆံရေးမကြဲပါဘူး။ အေက်ထပ်က ဆရာလေးတွေနဲ့ မိတ်ဆက်ပေးပြီး အပေါ်ထပ်မှာ ရှိတာလေးနဲ့ ဧည့်ခံပါတယ်။ အငယ်ဆုံးဆရာလေး (၄)ပါးကလည်း ဝါတော် ၄၀ရ ဆရာကြီးတွေအလား ထိုင်နေလိုက်ကြတာ ကြည်ညိုစရာပါ။ အောက်ထပ်မှာတုန်းက ဆရာလေး တွေလည်း ထိုနည်း၎င်းပါပဲ။ အသုံးအဆောင်ပစ္စည်း ထားပုံသိုပုံလည်း စည်းကမ်းကောင်းမှန်း သိသာလှပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


 

 

 

 

 

 

 

 

 

 

 

 

 

 

ဒုတိယကြိမ်အလှူကို အမြန်ဆုံးလည်းဖြစ်မြောက်အောင် တစ်ရက်တာ အစားအသောက်အလှူ၊ စာရေးကိရိယာ လက်ရောက်အလှူ၊ ငွေသားအလှူ စတာတွေအပြင် နောင်ကိုလည်း လိုအပ်သလိုဆက်လက်လှူဒါန်းဖို့ NCDG၏ ဝန်အားနှင့် မျှတသောနေရာဖြစ်၍ လှူဒါန်းရန်နေရာအဖြစ် ဆုံးဖြတ်ခဲ့ပါတယ်။
(အကယ်၍ အများဆန္ဒနှင့် မကိုက်ညီပါက နောက်အကြိမ်တွင် နေရာပြောင်းရန် ဆန္ဒပြုကြပါ)

ဆရာကြီး(၅)ပါးနှင့် ဆရာလေး(၃၅)ပါးအား (၄-၈-၂၀၁၃)နေ့အတွက် နံနက်+နေ့ဆွမ်းအလှူဖိုး ခြောက်သောင်းကျပ်ကို မဒမ်ပွေးထံမှ
ချေးယူ၍ တခါတည်းလှူဒါန်းခဲ့ပါတယ်။ အခြားလိုအပ်သည်များကို မေးမြန်းလျှောက်ထားကြည့်ရာ စာရေးကိရိယာကတော့ အမြဲလိုပါကြောင်း
အငယ်များအတွက် လက်ရေးလှစာအုပ်နှင့် ခဲတံလိုကြောင်း၊ အထူးသဖြင့် ခဲတံတစ်ချောင်းလျှင် ၂ရက်မျှသာခံသဖြင့် ခဲတံပိုလိုပါကြောင်းသိရသဖြင့် လိုအပ်မည့် စာရေးကိရိယာအရေအတွက်ကို တွက်ချက်ခဲ့ပါတယ်။

အခြားရက်များအတွက် အစားအသောက်စားရိတ်၊ အတန်းကျောင်း ထားစားရိတ်များလည်း လိုအပ်ကြောင်း သိရှိခဲ့ရပါတယ်။ (လောကုတ္တရာ
စာပေများကို ဆရာကြီးများက သင်ပေးကြပြီး အကယ်၍ ရေရှည် သီလရှင်မဝတ်နိုင်၍ လူထွက်ကြလျှင် အတန်းပညာမနစ်နာရအောင် အစိုးရ
ကျောင်းသို့ပို့၍ ပညာသင်ယူစေပါတယ်)။ အခြား ကျန်းမာရေး သန့်ရှင်းရေး အတွက် စားရိတ်များလည်း လိုအပ်သော်လည်း ၃ထပ်ကျောင်းအဖြစ် ဆောက်လုပ်ရေးကိုတော့ အဓိကထား၍ငွေစုနေကြောင်း ပြောပါတယ်။ ၄င်းအချက်ကတော့ ရေရှည်အနေဖြင့် NCDG အဖွဲ့မှ စဉ်းစားရန်
ဖြစ်ပါတယ်။

ပြန်ခါနီးမှာ ဆရာကြီး ဆရာလေးများက အလှူရှင်များအတွက် မေတ္တာပို့ ဆုတောင်းပေးမည်ဟုဆို၍ အားလုံး၏ကိုယ်စား ဝမ်းမြောက်နုမော်
သာဓုခေါ်ခဲ့ပါတယ်။ အားလုံးအာရုံယူနိုင်ဖို့ စက္ကန့် ၃၀လောက် မှတ်တမ်း တင်ခဲ့ပါတယ်။ (အငယ်ဆုံးဆရာလေးများ၏ဟန်ပန်ကို ခုထိ မျက်စိ
ထဲက မထွက်သေးပါဘူး) ဗွီဒီယိုဖိုင်လေးအောက်မှာ တွဲပေးထားပါတယ်။

တနင်္ဂနွေနေ့အတွက် ကျောင်းအုပ်ဆရာလေးက ကျောင်းတွင် နေ့လယ်စာ စားရန် ပြောတော့ နေရာလည်း ကျဉ်းပါတယ်၊ ဒါနလည်း ပိုမြောက်အောင် မစားတော့ပါပြောသောအခါ မူကြိုဆရာမကြီးဒေါ်အေးအေးမှ နေ့လယ်စာ ကျွေးပါမည်၊ လာမည့်လူအရေအတွက်ကိုသာကြို၍ ဖုန်းဆက်ပေးပါဟု ပြောပါတယ်။ သူက အလှူငွေ မထည့်သော်လည်း အလှူရှင်များကို ဒါနပြုတာဟု ဆိုပါတယ်။
(ထိုဆရာမကြီးနှင့်လည်း Facebook မှတဆင့် ခင်မင်ရင်းနှီးခဲ့ခြင်း ဖြစ်ပါတယ်။ ဦးထွေးနှင့်ရေစက်ကိုသိလိုပါက https://www.facebook.com/photo.php?fbid=675562822458734&set=a.134574013224287.26741.100000150673115&type=1&theater&notif_t=like တွင်ဖတ်ပါ)

အဆုံးသတ်ရလျှင် NCDG ၏ ဒုတိယအကြိမ်အလှူအတွက် ကြိုတင်ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ပါ၏။ တနင်္ဂနွေနေ့တွင် ကိုယ်ထိလက်ရောက် လိုက်လံ လှူဒါန်းကြပါရန် နှိုးဆော်လိုပါ၏။ နက်ဖြန် စနေနေ့ စာရင်းပေးလျှင် နေ့လယ်စာ အတွက် လူဦးရေစာရင်းပေးဖို့ အဆင်ပြေပါမည်။

ကျေးဇူးတင် လေးစားစွာဖြင့်
ဦးထွေး(ထွေးဦးမြန်မာ)

ဆရာကြီး ဆရာလေးများ၏ ဆွမ်းမစားမီ မေတ္တာပို့ကြပုံများနှင့် ဆွမ်းစားနေစဉ်ပုံရိပ်များ

ဒုတိယ အကြိမ်အလှူ...ငွေစာရင်းရှင်းတမ်းပါ...ဖြည့်စွက် အကြံပြုကြပါရန်

bottom of page